အင်တောမြို့ ၌ ''ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်'' ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Dec 10,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတ အတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်စေရန်၊ အတွေးအခေါ် အမြော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိ လာစေရန် ရည်ရွယ်၍ စာရေးဆရာ ခင်စောတင့်၏ ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင် ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။