မှော်ဘီ ဒီဇင်ဘာ ၁၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်ခြောက်လဘတ်ဂျတ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာတစ်ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်မည့်ကျေးရွာ(၄)ရွာတို့အား မြစိမ်းရောင် ကျေးရွာ စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ရာတွင်လည်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးကစီမံကိန်းလုပ်ငန်းများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ် ဦးစီးမှူးဦးတင်စိုးနှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆောင်ရွက်မည့် နှောကုန်း(တောင်)ကျေးရွာရှိ ကျေးရွာကော်မတီဝင်များထံသို့ မြစိမ်းရောင် ရန်ပုံငွေ ကျပ်သိန်းသုံးရာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ဆောင်ရွက်မည့် အောက်ဝါးနက်ချောင်း(ရွာဟောင်း)၊ ရွာသစ် ကုန်းကျေးရွာ၊ မာလာကုန်းကျေးရွာနှင့်ကြိမ် နီစမ်းကျေးရွာတို့ရှိ ကျေးရွာကော်မတီဝင်များထံသို့ ကျေးရွာ (၁)ရွာလျှင် စီမံကိန်း ရန်ပုံငွေကျပ်သိန်းတစ်ရာစီကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်