သတင်းများ

ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေး
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အားရပ်ကွက်အလိုက်ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဇင်ယော် ရပ်ကွက်နှင့် အောင်သုခရပ်ကွက်ပြည်သူများအား သက်ဆိုင်ရာဆေးထိုးစုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Dec 10,2021
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
အောင်လံမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပ
Dec 10,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ လူငယ်အသင်း (Youth Club)၊ မြို့နယ် အမျိုးသမီးရေးရာ‌အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့ပူးပေါင်း၍ ဆရာအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးခဲ့ကြသည်။
ကျိုက်လတ်မြို့နယ်မြို့မဈေးကြီးတွင်ပုံမှန်အတိုင်းရောင်းဝယ်ဖောက်ကားလျက်ရှိ
Dec 10,2021

ကျိုက်လတ်မြို့နယ်မြို့မဈေးကြီးတွင်ပုံမှန်အတိုင်းရောင်းဝယ်ဖောက်ကားလျက်ရှိ

မုဒုံမြို့၌ မီးဘေးအန္တရာယ် အသိပညာပေးအရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 10,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ပြည်သူများမီးသုံးစွဲရာတွင် ကြိုတင်ကာကွယ် သတိပြုလိုက်နာကြစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်း က မုဒုံမြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာများတွင် လှည့်လည်နှိုးဆော်သည်။
မော်လမြိုင်မြို့အတွင်းရှိ စျေးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Dec 10,2021
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ပြည်သူများ မီးသုံးစွဲရာတွင် ပေါ့ဆမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့်မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရေးတို့အတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ယမန်နေ့ညပိုင်း က မောင်ငံဈေးနှင့် သီရိမြိုင်စျေးတို့တွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ရှင်ဗွေယန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆရာတစ်ဦး အပါအဝင် (၁၁၉)ဦး ကိုဗစ် - ၁၉ရောဂါပိုးကူးစက်ခံရ
Dec 10,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာလ (၆) ရက်မှ ဒီဇင်ဘာလ (၉) ရက်ထိ ကျောင်းဆရာတစ်ဦး အပါအဝင်ကျောင်းသား/ သူ များ (၉၃) ဦး၊  ကျောင်းသားမိဘ (၂၅) ဦး၊ စုစုပေါင်း (၁၁၉)ဦး ကိုဗစ် - ၁၉ရောဂါပိုး ကူးစက်ခံခဲ့ရပါသည်။
မာန်အောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌မူလတန်း အဆင့်ပုံတူပန်းချီ၊ စစ်တုရင်၊ ခါးကွင်းလှည့်ပြိုင်ပွဲများကျင်းပ
Dec 10,2021
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ကျောင်းသား/သူများ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန်၊ မူလတန်းအဆင့် ပုံတူပန်းချီပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ခါးကွင်းလှည့် ပြိုင်ပွဲများကို ယနေ့နံနက်၁၁နာရီကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။