ပေါင်းတည် ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပျဉ်ပုံအုပ်စု၊ သဖန်းကုန်းကျေးလက် ကျန်းမာရေးဌာန ဆေးထိုး စုရပ်တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးရာတွင် ပထမအကြိမ်အဖြစ် ပြည်သူ(၁၀)ဦးနှင့် နိုဝင်ဘာအတွင်း ပထမအကြိမ် ဆေးထိုးနှံပြီး အသက်(၁၈)နှစ်အထက် ပြည်သူ(၅၅)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစားကို ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ဆေးထိုးစုရပ်တွင် ပျဉ်ပုံကျေးရွာအုပ်စုနှင့်ကြို့ကုန်းကျေးရွာအုပ်စုအတွင်းရှိ ပထမအကြိမ် ကာကွယ် ဆေးထိုး နှံရန် အသက် (၁၈)နှစ်အထက် ပြည်သူ(၁၀)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံသူ (၅၅)ဦးရှိကာ အကြောင်း အမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိနေသူများအား ကာကွယ်ဆေးများကို သတ်မှတ်ဦးတည်အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆေးထိုးခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးအေးဆင့်