မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေး ကြည့်ရှုစစ်ဆေး

မြောင်းမြ   ဒီဇင်ဘာ   ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ယနေ့ နေ့လယ် ၁နာရီ ၃၀ မိနစ်အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းငြိမ်းတို့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်၍ လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုဇယားပုံစံ (၆၆/၆)နှင့် မဲစာရင်းများ တိုက်ဆိုင်စိစစ်နေမှု လုပ်ငန်းအခြေအနေများကို ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံး  လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းစိုးက ရှင်းလင်းပြောကြားပြီး အဆိုပါလုပ်ငန်းများအား ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ အချိန်မီပြီးစီး နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ဝေ