(၇၃)နှစ်​မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ​ရေး​နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၀

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်​နေ့တွင် ကျ​ရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင်အ​ရေး​နေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့နိုင်ငံများ၌ လူ့အခွင့်အ​ရေး အခမ်းအနားများ ကျင်းပကြရာ မြန်မာနိုင်ငံ တွင်လည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင်အ​ရေး​နေ့အခမ်းအနားကို ၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အ​ရေး​ ကော်မရှင်က ဦး​ဆောင်၍ နှစ်စဉ်ကျင်းပခဲ့သည်။

ယ​နေ့ကျ​ရောက်​သော (၇၃)နှစ်​မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ​ရေး​နေ့ အခမ်းအနားကို မြန်မာနိုင်ငံ လူ့အခွင့်အ​ရေး​ ကော်မရှင်ရုံးတည်ရှိရာ အမှတ်(၂၇)ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ရှိ​ကော်မရှင်ရုံး အစည်းအ​ဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပရာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်ထံမှ​ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီး အဖွင့်အမှာစကား​ ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အ​ရေး​ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊​ ကော်မရှင်အဖွဲ့ဝင်များနှင့်​ ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများ တက်​ရောက်ကြပြီး အခမ်းအနားအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ​ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များနှင့် အညီ ကျင်းပသည်။

ဆက်လက်၍​ ကော်မရှင်ဥက္ကဋ္ဌက (၇၃)နှစ်​မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ​ရေး​နေ့ အထိမ်း အမှတ် Commission New Website Launching အား မိတ်ဆက်လွှင့်တင်ခြင်း​ဆောင်ရွက်ပြီး ကမ္ဘာ့လူ့အခွင့်အ​ရေး ​ကြေငြာစာတမ်း Animation ဇတ်လမ်းကိုပြသခဲ့သည်။

ယင်း​နောက်​ ကော်မရှင်၏ ၁၀ နှစ်တာခရီး သမိုင်း​ကြောင်းစာအုပ်ကို​ ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန်က မိတ်ဆက်ဖြန့်ချီခြင်း​ ဆောင်ရွက်ခဲ့ပြီး (၇၃)နှစ်​မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ​ရေး​နေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ဘာသာပြန်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ စသည့် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ​ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်​ကော်မရှင်အဖွဲ့ဝင်များက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို​နောက်​ ကော်မရှင်ရုံးဝန်ထမ်းများက လူ့အခွင့်အ​ရေး​နေ့ သီးချင်းဖြင့် သီဆို​ဖျော်​ဖြေကြပြီး​အခမ်း အနား တက်​ရောက်လာကြ​သော ကော်မရှင်အဖွဲ့ဝင်များက အမှတ်တရစု​​ပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့​ကြောင်း သိရှိရသည်၊

​အောင်မြင့်(ပြန်/ဆက်)