သတင်းများ

မြန်မာနိုင်ငံသို့ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား Quarantine (၁၀)ရက် ပြည့်၍ မိမိတို့နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေး
Dec 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းလျှော့ချရေး စုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ အခြားနိုင်ငံများမှ လေကြောင်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စင်တာတွင် ထားရှိ၍ RDT Test Kitဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ရောဂါပိုးရှိ၊ မရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲ အတည်ပြုခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိသည်။
ဘားအံတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြမည့် နည်းပြ၊သရုပ်ပြ ဆရာ၊ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်း ဘားအံမြို့မဈေးကြီးနှင့်အမှတ်(၁)အဆင့်မြင့်စံပြဈေးတို့အား ပြည်နယ်ဝန်ကြီးချုပ်သွားရောက်ကြည့်ရှုစစ်ဆေး
Dec 10,2021
ပညာရေးဝန်ကြီဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြ မည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်း က အဆိုပါတက္ကသိုလ် ရှိ ငုရွှေဝါခန်းမ၌ ကျင်းပသည်။
စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများပေးအပ်
Dec 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ကြီးမှူး၍ မအူပင်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန တည်ထောင်ခွင့်ပြုမိန့်ရ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူမှုဝန်ထမ်းဦးစီးဌာန မအူပင်ခရိုင် လူမှုဝန်ထမ်းရုံးတွင် ထောက်ပံ့ပေးအပ်သည်။
တိုက်ကြီးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ(၉၄၄) ဉီးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Dec 10,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုမှ ​ကြိုတင် ကာကွယ် နိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အ.ထ.က ( မြို့မ) ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်
Dec 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့နံရံကပ်ဘုတ်တွင် ယနေ့နံနက် (၁၀)နာရီမှ စတင်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စတင်ပြသဆောင်ရွက်ရာ ကျောင်းသား/ သူများနှင့် အများပြည်သူများ လာရောက်လေ့လာ ကြည့်ရှုကြသည်။
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော် ခြင်းများ ဆောင်ရွက်
Dec 10,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ ​မော်တော်ယာဉ်ဖြင့် လှည့်လည်၍ တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုး သူများအဖွဲ့၏ အစည်းအဝေးကျင်းပ
Dec 10,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)၏ အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ
Dec 10,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ အခြေခံပညာအထက် တန်းအဆင့်၊ အလယ်တန်းအဆင့် စာပေမြတ်နိုးသူ လူငယ်များနှင့်ပူးပေါင်း၍ သက်ငယ်မုဒိမ်းမှု မဖြစ်ပေါ်စေရေး အသိပညာပေးခြင်းနှင့် "ဆယ် ကျော်သက်အရွယ်လူငယ်များအတွက်စာဖတ်ခြင်း" စာအုပ်များဖြင့်စာ ဖတ်ဝိုင်း ကို ယနေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့ သည်။