ရန်ကုန် ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ် အထက်ရှိ သက်ကြီးဘိုးဘွားများ၊ စက်ရုံ/အလုပ်ရုံနှင့်ကုမ္ပဏီဝန်ထမ်းများ၊ Volunteer များ၊ နိုင်ငံ့ဝန်ထမ်း များ/ဝန်ထမ်း မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်မှတ် ထားသော နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးလျက်ရှိသည်။
ထိုးနှံပေးရာတွင် အင်းစိန်မြို့နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါက်တာ မိုးမိုးမြင့်နှင့်အခြေခံ ကျန်းမာရေး ကျွမ်းကျင် ပညာရှင်များက အဖွဲ့များခွဲ၍ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ လာရောက်ထိုးနှံသူများအား ကာကွယ်ဆေးမထိုးနှံခင် ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပြီး ဆေးထိုးသင့်သည့် သူများကိုသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကာ ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ်ကြည့်ရှုပေးခဲ့ပြီး ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ဒီဇင်ဘာလ(၉)ရက်နေ့အထိ ရပ်ကွက် နေပြည် သူ(၇၀၆၇၅)ဦးကို အကြိမ်ပြည့် ထိုးနှံ ပေးခဲ့ပြီးဖြစ်ရာ ပထမအကြိမ် ထိုးနှံပြီးသူ (၁၀၄၈၆၁)ဦးကို ထိုးနှံပေးခဲ့ပြီး ဆက်လက်ထိုးနှံလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။
အင်းစိန်မြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း အခြေအနေ များကို စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် စောင့်ရှောက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကြက်ခြေနီအသင်း (အင်းစိန်)၊ ပရဟိတအသင်း/အဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို