မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံစျေးတွင် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ

မင်္ဂလာဒုံ ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် လူစည်ကားရာနေရာများ၊ မင်္ဂလာဒုံ စျေးကြီးရှိ ဆိုင်ခန်းများ ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ပြည်သူများ အခက်အခဲမရှိ ဝယ်ယူရရှိနိုင်ရေးအတွက် မင်္ဂလာဒုံစျေးကြီးရှိ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအဖွဲ့နှင့် တာဝန်ရှိသူများမှလည်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)