သတင်းများ

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ  ၂ဝ၅ဝ၅ ဦးအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးမည်
Dec 10,2021
 မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများတွင်နေထိုင်သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး( Sinopharm ) ပထမအကြိမ်ထိုးနှံပြီးသူ ၂ဝ၅ဝ၅ ဦးအား ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ “ဒို့ကျေးရွာဂျာနယ်” ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Dec 10,2021
ဝန်ထမ်းများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ ခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့ မွန်းလွဲ ၁ နာရီခွဲက  “ဒို့ကျေးရွာဂျာနယ်” ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ပထမအကြိမ်  (၅)ရက်မြောက်ဆက်လက်ထိုးနှံပေး
Dec 10,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  အသက်(၁၈)နှစ်အထက် ပြည်သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ပထမအကြိမ် (၅)ရက်မြောက် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ  အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ မီးသတ်ရေကန်များအား သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ရေဖြည့်ခြင်းလုပ်ငန်းများကို ယနေ့နံနက်က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
သုံးဆယ်မြို့တွင် ရှင်ပြု နားသမင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ
Dec 10,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ လမ်းမတော်လမ်းတွင် ယနေ့ နံနက် ၁၀ နာရီက ရွှေနန်းသစ်ရွှေဆိုင်မှ အလှူဒါယကာ၊ ဒါယိကာမများဖြစ်သော ဦးအောင်ဘိုဘိုဝင်း+ဒေါ်သူဇာသွင် မိသားစုမှ အမှူးပြုပြီး သားရှင်လောင်းနှင့် နားသမင်္ဂလာ အခမ်းအနားအား လူစည်ကားစွာဖြင့် စီတန်း လှည့်လှည်ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဘုတ်ပြင်းမြို့နယ်တွင်  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ဘုတ်ပြင်းမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ် ရေး ကတ်ပြားများပြုလုပ်‌ပေးခြင်းကို ယမန်နေ့က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ခဲမိုင်းကျေးရွာ သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်း စည်း  Mask များအခမဲ့ဖြန့်ဝေ
Dec 10,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များအားအခမဲ့ဖြန့်ဝေပေးလျက် ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ သည် မြို့လယ်မီးပွိုင့် လမ်းဆုံအနီးပြည်ထောင်စုလမ်းမကြီးပေါ်တွင်Mask Campaign ပြုလုပ်၍  ပါးစပ်နှင့်နှာခေါင်းစည်း Mask များ  အခမဲ့ဖြန့်ဝေခဲ့ကြောင်း  သိရသည်။
လှိုင်းဘွဲမြို့နယ် ဘုရားတစ်ဆူဘေးမဲ့တပ်ဦးကျောင်းရှိ ရဟန်းသံဃာများအတွက်  ဆွမ်းဆန်၊ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Dec 10,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာ အခြေချ(လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊အရာရှိစစစ်သည်မိသားစုဝင်များက မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရဟန်း/သံဃာများအတွက် ဆွမ်းဆန်၊ဆီ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘုရားတစ်ဆူဘေးမဲ့ တပ်ဦး ကျောင်းတွင် ဆွမ်းဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။