သတင်းများ

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်း ကုသိုလ်ယူ ဆောင်ရွက်မှု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး
Dec 11,2021
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်အတွင်းရှိ တိင်္ဂုတ္တရကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်တော်မူသော လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေး ထိန်းသိမ်းဆောင်ရွက်နေမှုနှင့် ရင်ပြင်တော် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ယနေ့နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းမှူး ဗိုလ်ချုပ် ညွှန့်ဝင်းဆွေ နှင့် အစိုးရအဖွဲ့ဝန်ကြီးများ က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင်ဦးစား ပေးဦးတည်အုပ်စုများအလိုက်ပြည်သူများအား ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသူများအားဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Dec 11,2021
 ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စု များအလိုက်ပြည်သူများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်မှစတင်၍သတ်မှတ်စုရပ်နေရာ အသီးသီးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီး သူများအားဒုတိယ အကြိမ်ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၉၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ
Dec 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိသိရှိနိုင်ရန် RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်းရှိ ခန်းမဆောင်၌ စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Dec 10,2021
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေး ဆိုင်ရာအချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန်အတွက် အသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကမမောင်းမြို့တွင် မြို့မဈေးနှင့်ကုန်စုံဆိုင်များ ပုံမှန်ရောင်းချပေးလျက်ရှိ
Dec 10,2021
ကရင်ပြည်နယ် ကမမောင်းမြို့တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့မဈေးနှင့် ကုန်စုံဆိုင်များ၊ အိမ်ဆိုင်များအ‌နေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ  ကမမောင်းမြို့အတွင်း ပုံမှန်​ရောင်းချနေသော ဈေးဆိုင်များအားလုံး ဖွင့်လှစ်ရောင်းချလျက် ရှိကြောင်း သိရသည်။
ကလောမြို့နယ်တွင် အသက်(၁၈)နှစ်အောက် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ
Dec 10,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက် (၁၈)  နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကလောမြို့နယ် ကိုယ်စားပြု လူရွေးချယ်ယှဉ်ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီခန့်က ကလောမြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲများကျင်းပ
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်  ၁၀ နာရီက ကျောင်းသား/ကျောင်းသူ ကလေးငယ်များ အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲများကျင်းပ ပြုလုပ်ခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဈေးရောင်းဈေးဝယ်များနှင့်စာသင်ကျောင်းများ ပုံမှန်လည်ပတ်
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒီဇင်ဘာ(၁၀)ရက်နေ့က ဈေးရောင်း/ဈေးဝယ်များနှင့် စာသင်ကျောင်းများ ပုံမှန်လည်ပတ်လျက်  မြို့နေပြည်သူများ ပုံမှန်သွားလာလှုပ်ရှားမှုလျက်ရှိသည်။