သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ပင်းတယမြို့ယူ-၁၈ ပြေးခုန်ပစ်အားကစားသမားများ စခန်းသွင်းလေ့ကျင့်လျက်ရှိ
Dec 10,2021
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ပြည်နယ် အားကစားကွင်းတွင် ကျင်းပမည့် ယူ-၁၈ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားနှင့် လူငယ်ရေး ရာဝန်ကြီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန ပင်းတယမြို့နယ်မှအားကစားသမားများအား  လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုး မောင်က ဦးဆောင်၍ မြို့နယ်အားကစားကွင်း၌ ၂၀၂၁ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့ မှ စတင်ကာစခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်းသိရသည်။
ဖြူးမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 10,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်  ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် “မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show )”ဆောင်ရွက်
Dec 10,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ် စာစောင်ချစ်မြတ် နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေး ပွဲ (Talk Show)ဆောင်ရွက်ခဲ့သည်။
ဧရာ၀တီတိုင်း​ဒေသကြီးတွင်(၇၄)နှစ်​မြောက်လွတ်လပ်​ရေး​နေ့ အခမ်းအနား​အောင်မြင်စွာ   ကျင်းပနိုင်​ရေးလုပ်ငန်း​ကော်မတီအစည်းအ​ဝေးကျင်းပ                                                                
Dec 10,2021
ဧရာဝတီတိုင်း​ဒေသကြီးတွင် ၂၀၂၂ခုနှစ် (၇၄)နှစ်​​မြောက် လွတ်လပ်​​ရေး​နေ့အခမ်းအနား​ အောင်မြင်စွာကျင်းပနိုင်​ရေး လုပ်ငန်း​ကော်မတီအစည်းအ​ဝေးကို ယ​နေ့ တိုင်း​ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအ​ဝေးခန်းမ( ၁)၌ကျင်းပရာ (၇၄)နှစ်​​မြောက်လွတ်လပ်​​ရေး​နေ့ အခမ်းအနား​ကျင်းပ​ရေး ဦးစီး​ကော်မတီနာယက တိုင်း​ဒေသကြီးဝန်ကြီးချုပ်ဦးတင်​မောင်ဝင်းက " နှစ်စဥ်ကျင်းပလျက်ရှိသည့် လွတ်လပ်​​ရေး​နေ့အထိမ်းအမှတ် အခမ်းအနား​ကို အနှစ်သာရရှိရှိ ​ဆောင်ရွက်သွားကြရန်၊ လွတ်လပ်​​ရေး​နေ့အခမ်းအနား​များကျင်းပသကဲ့သို့ ပြည်သူများ ကျန်းမာကြံ့ခိုင်​ရေးအတွက် အားကစားပြိုင်ပွဲများကျင်းပနိုင်​ရေး ​ဟော​ပြောပွဲ၊စာစီစာကုံး၊ကဗျာပြိုင်ပွဲများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ​ဆောင်ရွက်သွားကြရန်၊ တိုင်း​ဒေသကြီးအဆင့်နှင့်​လျော်ညီသည့်ဆုများချီးမြှင့်သွားကြရန်နှင့် လုပ်ငန်း​ကော်မတီအလိုက်ကြိုတင်ပြင်ဆင်ထားရှိကြရန်နှင့်​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်သွားကြရန်" စသည့်ဖြင့် အမှာစကား​ပြောကြားသည်။
ကျိုက်လတ်မြို့နယ် Community Centre ခန်းမ၌ အမျိုသမီးအကြမ်းဖက်မှု ပပျောက်ရေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Dec 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက Women Club အဖွဲ့ဝင်များနှင့် အမျိုသမီးအကြမ်းဖက်မှု ပပျောက်ရေးခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ (၂)လနှင်(၆)လအရွယ် ကလေးငယ်များ ပုံမှတ်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် တိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Dec 10,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် မြို့ပေါ်ရှိ (၂)လနှင့် (၆)လအရွယ် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် တိုက်ကျွေးပေးခြင်းကို ယနေ့နံနက်ပိုင်း(၉)နာရီအချိန်တွင် နမ့်ခမ်းမြို့ ခုတင်(၁၀၀)၊ ပြည်သူ့ဆေးရုံရှိ မိခင်နှင့်ကလေးရုံး၌ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း နှင့် တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်လယ်ကိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြော​​ပွဲနှင့် ကြံ့ခိုင်စွမ်းရည် လေ့ကျင့် သရုပ်ပြခြင်းများ ဆောင်ရွက်
Dec 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် လယ်ကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက လူငယ်၊ လူရွယ်များ အားကစားကို စိတ်ပါဝင်စားနိုင်စေရန်နှင့် အခြေခံအားကစား နည်းစနစ်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ ယမန်နံနက် ၁၁နာရီက အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကြံ့ခိုင်စွမ်းရည် လေ့ကျင့် သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile library ဖွင့်လှစ်၍စာအုပ်များ ငှားရမ်းပေးလျက်ရှိ
Dec 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုအနေဖြင့် ပြည်သူများ စာပေဖတ်ရှုလေ့လာခွင့်ရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ Mobile library ဖွင့်လှစ်၍ စာအုပ်များငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁ဝ)နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။