လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိ
Dec 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ဈေးရောင်း ဈေးဝယ်လာသော ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ သာသနာ့ နွယ်ဝင်သီလများ ပုံမှန်အတိုင်း အေးချမ်းစွာ သွားလာလှုပ်ရှားလျက်ရှိနေပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့၏ ကျောင်းများသို့ သွားရောက်၍ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိနေကြကာ ဌာနဆိုင်ရာ ဝန်ထမ်းများကလည်း သက်ဆိုင်ရာရုံးများသို့ သွားရောက်၍ လုပ်ငန်းတာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။