တောင်ကုတ် ဒီဇင်ဘာ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ အခြေခံပညာအထက် တန်းအဆင့်၊ အလယ်တန်းအဆင့် စာပေမြတ်နိုးသူ လူငယ်များနှင့်ပူးပေါင်း၍ သက်ငယ်မုဒိမ်းမှု မဖြစ်ပေါ်စေရေး အသိပညာပေးခြင်းနှင့် "ဆယ်ကျော်သက်အရွယ်လူငယ်များအတွက်စာဖတ်ခြင်း" စာအုပ်များဖြင့်စာ ဖတ်ဝိုင်း ကို ယနေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် တောင်ကုတ်မြို့ ပြည်သူစာကြည့်တိုက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဌေးဌေး လွင်ကအမျိုးသမီးငယ်များသက်ငယ် မုဒိမ်းမှုများမဖြစ်ပေါ်စေရေးအတွက် နေထိုင်သွား လာသင့် သည်များ အားများအားရှင်းလင်းပြောကြားကာ စာပေမြတ်နိုးသူလူငယ်များကသိရှိ လိုသည်များအားမေးမြန်း၍ စာကြည့်တိုက်မှူးဒေါ်ဌေးဌေး လွင်ကပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိဆယ်ကျော်သက်ရွယ် လူငယ်များအတွက် စာဖတ်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ စာပေမြတ် နိုးသူများကမှတ်မိသမျှပြန်လည်ဆွေးနွေးကာ စာကြည့်တိုက် မှူးဒေါ်ဌေးဌေးလွင်က စာအုပ်ပါ အကြောင်းအရာများအားပြန်လည်ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။
စန်းဝင်း(တောင်ကုတ်ပြန်ဆက်)