မအူပင် ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ကြီးမှူး၍ မအူပင်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန တည်ထောင်ခွင့်ပြုမိန့်ရ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူမှုဝန်ထမ်းဦးစီးဌာန မအူပင်ခရိုင် လူမှုဝန်ထမ်းရုံးတွင် ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူမှုဝန်ထမ်းဦးစီးဌာန တည်ထောင်ခွင့်ပြုမိန့်ရ ဘိုးဘွားရိပ်သာတစ်ခုနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာနှစ်ခုတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဘဏ္ဍာရေးနှစ် Mini ဘက်ဂျက် (၆)လအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ စုစုပေါင်း (၇၃၆၈၀၀ဝိ/) (ခုနှစ်ဆယ့်သုံးသိန်းခြောက်သောင်း ရှစ်ထောင်ကျပ်တိတိ)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ် (မအူပင်)