မြောင်းမြ ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့နံရံကပ်ဘုတ်တွင် ယနေ့နံနက် (၁၀)နာရီမှ စတင်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စတင်ပြသဆောင်ရွက်ရာ ကျောင်းသား/ သူများနှင့် အများပြည်သူများ လာရောက်လေ့လာ ကြည့်ရှုကြသည်။
အဆိုပါ နံရံကပ်ဘုတ်တွင် လူကုန်ကူးမှုပြဿနာ၏ နောက်ခံသမိုင်း၊ လူကုန်ကူးမှု ပေါ်ပေါက်လာပုံ အကြောင်းအရာများ၊ လူကုန်ကူးမှုဖြစ်ပွားပုံ၊ လူကုန်ကူးသူ၏ ထင်ရှားသော အင်္ဂါရပ်များ၊ လူကုန်ကူးခံရသူတစ်ဦး တွေ့ကြုံရမည့် ဆင်းရဲဒုက္ခများ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် ပိုစတာများ၊ ကာတွန်းများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
သက်ဝေ
(ခရိုင်ပြန်/ဆက် )