ငွေဆောင်ကမ်းခြေ သန့်ရှင်းသာယာလှပရေးအတွက် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်
Dec 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ငွေဆောင်ကမ်းခြေ သန့်ရှင်းသာယာလှပရေး၊ လာရောက် အပန်းဖြေကြသော ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေး၊ ကမ်းခြေရှိ စျေးသည်များ၊ စျေးဆိုင်ခန်းများ စနစ်တကျရှိစေရေးအတွက် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။