ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုး သူများအဖွဲ့၏ အစည်းအဝေးကျင်းပ

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၁၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)၏ အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ    (တာဝန်ပေး) ဒေါ်ဆုလှိုင်က အစည်းအဝေး ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးမြင့်သောင်းနှင့် စာပေချစ် မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များက ထန်းတပင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ အတွေးအခေါ်များ မြင့်မားလာစေရေးအတွက် စာဖတ်ဝိုင်းများ၊ ပြပွဲများနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)