မင်္ဂလာဒုံ ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းလျှော့ချရေး စုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ အခြားနိုင်ငံများမှ လေကြောင်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စင်တာတွင် ထားရှိ၍ RDT Test Kitဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ရောဂါပိုးရှိ၊ မရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲ အတည်ပြုခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိသည်။
ဓါတ်ခွဲအတည်ပြုပြီး ပိုးတွေ့ရှိသူများကို ပုလဲဆေးရုံကြီးတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကုသရေး စင်တာသို့ ပို့ဆောင်ပြီးပိုးမရှိသူများကို ထောက်ကြန့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စင်တာတွင် Quarantine (၁၀)ရက် ထားရှိ၍ ရက်ပြည့်ပါက မိသားစုများရှိရာသို့ ပို့ဆောင် ပေးမည်ဟုသိရသည်။
ထို့ကြောင့်မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၅)ဦး စုစုပေါင်း(၂၂)ဦးတို့ကို ယနေ့တွင် Quarantine(၁၀)ရက်ပြည့်၍ မိသားစုများရှိရာ မိမိတို့နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သန္တာ