ကွမ်းလုံမြို့၌ ဆေးကုသဆဲ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတစ်ဦးသာကျန်ရှိ
Dec 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့၌ ယမန်နေ့က ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများထဲမှ အမျိုသား(၃)ဦးနှင့် အမျိုးသမီး(၃)ဦးတို့သည် ရောဂါသက်သာပျောက်ကင်း၍ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ၎င်းတို့နေထိုင်ရာ နေအိမ်သို့ ပြန်လည်ပို့ဆောင်ကာ Home Quarantine (၁၄)ရက် ဆက်လက်နေထိုင်ရေး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သဖြင့် ကွမ်းလုံမြို့၌ ဆေးကုသဆဲ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ (၁) ဦးသာ ကျန်ရှိတော့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။