အောင်လံ ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အ ကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၁) နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရွာပြင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က အုပ်ချုပ်ရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုကဏ္ဍ၊ လူမှုရေး၊ စည်းရုံးရေးကိစ္စရပ်များ၊ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်း၊ ကျောင်းဖွင့်လှစ်မှုအ ခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်လဝကဦးစီးမှူး ဦးစိုးနိုင်က ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောက်ရွက် ပေးမှုနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားကာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်းက ယခုအချိန်အခါတွင် ပွင့်လင်းရာသီဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသော ပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။
မျိုးသိန်း