မင်းလှမြို့တွင် ပြည်သူများ နှာခေါင်းစည်း တပ်ဆင်‌စေရန် Mask Campaign ဆောင်ရွက်

မင်းလှ ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်ဗီဇပြောင်းရောဂါပိုး ကြိုတင် ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း နှာခေါင်းစည်း တပ်ဆင်စေရန် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီချိန်က  အမှတ်(၇) ရပ်ကွက်၊ ဗိုလ်ရုံတန်း လမ်းမကြီး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များနှင့် လူမူရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က မြို့တွင်း ဖြတ်သန်းသွားလာနေကြ သော ယာဉ်ကြီးယာဉ်ငယ်များ၊ လမ်းသွားလမ်းလာ ပြည်သူများ နှာခေါင်းစည်း တပ်ဆင်ထားခြင်းရှိ/ မရှိ စစ်ဆေး၍ နှာခေါင်းစည်း မတပ်ဆင်သူများကို ဒဏ်ငွေ(၅၀၀)ကျပ် ပေးဆောင်စေကာ နှာခေါင်းစည်း (၃)ခုပေးကာ နှာခေါင်းစည်း တပ်ဆင်‌‌စေခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အိုမီခရွန် ဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်ကူဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ သို့ သွားလာရာတွင် မဖြစ်မနေ နှာခေါင်းစည်း စနစ်တကျတပ်ဆင်စေရေးအတွက် Mask Campaign များအား လူစည်ကားရာ နေရာဖြစ်သည့် ဈေးများ၊ ကားဂိတ်များနှင့် လမ်းဆုံလမ်းဂွများတွင် စစ်ဆေး ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဒီဇင်ဘာ ၁ ရက်နေ့က စတင်၍ နေရာများ ပြောင်းရွှေ့ကာ နှာခေါင်းစည်းများ တပ်ဆင်ရေးအတွက် နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်စ မင်းလှ