သန်လျင်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် Omicron (အိုမီခရွန်) Virus ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်

ရန်ကုန် ဒီဇင်ဘာ ၁၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် Omicron (အိုမီခရွန်) Virus ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်မှုဖြင့် ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ သန်လျင်မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ပူပေါင်းအဖွဲ့များက မော်တော်ယာဉ်ဖြင့် သန်လျင်မြို့နယ်အတွင်း လှည့်လည် ကာ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာလျှင် ပါးစပ် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) တို့အား စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့် တစ်ဦး တက်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကို စက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများနှင့် အဲယားကွန်း အသုံးများသော အခန်းများ၊ လေဝင်/ လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကျဥ်ရန်၊ နေအိမ်ရှိ အသက် (၆၀) နှစ် အထက် အသက်အရွယ် ကြီးရင့်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်၍ ရောဂါအခံရှိသူ များနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ရန်၊ အသွားအလာတားမြစ်ပိတ် ပင်၍ သီးသန့်ခွဲခြားနေထိုင်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ပေးကြရန်၊ ပါးစပ်နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော စျေးရောင်းချသူများထံမှ စျေးမဝယ်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများ ကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်- ၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်တို့အား နှိုးဆော်ထားရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်