ဖား​ဆောင်းမြို့နယ်၌  စာ​ပေချစ်သူများ စာဖတ်ဝိုင်းပြုလုပ်

ဖား​ဆောင်း ဒီဇင်ဘာ ၁၅

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်  ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီး ဌာနနှင့် စာအုပ်စာ​ပေချစ်မြတ်နိုးသူများအသင်း (Book club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက  ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးမှူး ​ဒေါ်နန်းသဲနု​အောင်က စာ​ပေ ချစ်မြတ်နိုးသူများ အချင်းချင်း စာဖတ်သူအကြိုက် စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို ကျန်းမာ​ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်၊ ထိန်းချုပ်​ရေး စည်းကမ်းချက်များနှင့် အညီ လစဉ်ဆောင်ရွက်မည်ဖြစ်​ကြောင်း ​ပြောကြားသည်။

ထို့​နောက် မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးမှူး ​ဒေါ်နန်းသဲနု​အောင်က စာ​ရေး ဆရာ ​ချစ်နိုင်(စိတ်ပညာ) စီစဉ်တည်းဖြတ်သည့် သူတို့ဘာ​ကြောင့်​အောင်မြင် စာအုပ်မှ မြသဲ (သု​တေသန)​ ရေးသားသည့် ​ကောင်းကင်မဆန်-​မြေလွှာဆန်းသည့် ​ကောလိပ်ဂျင်ဆိုသည့် ​ခေါင်းစဉ်​ဖြင့် ဦး​ဆောင်​ ဆွေး​နွေးရာ Book Club အဖွဲ့ဝင် ဦးဆော်လမွန်က သီသီ​အေး​ရေးသားသည့် ထာဝစဉ် အသက်ရှင် နန်း​တော်​ရှေ့ဆရာတင် ​ခေါင်းစဉ်ဖြင့်လည်း​ကောင်း၊ အဖွဲ့ဝင် ​​ဦးသန်းထွန်းသိန်းက ကျော်ဖုန်းမြင့်(ဓါတု​ဗေဒ)​ရေးသားသည့် ပြည်သူ့ထဲက​ရွှေဘ ခေါင်းစဉ်ဖြင့်လည်း​ကောင်း၊ အဖွဲ့ဝင် ​ဒေါ်ကြည်ကြည်လှိုင်က ထွေးကိုထွန်း  ရေးသားသည့် စွယ်စုံရအနုပညာသည် ခေါင်းစဉ်ဖြင့်လည်း​ကောင်း အသီးသီးပြန်လည်​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရသည်။

ထို့​​နောက် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်၊ စာ​စောင်များ ပြသထားရှိမှုကိုလည်း စာ​ပေချစ်မြတ်နိုးသူများမှ ကြည့်ရှုအား​ပေးခဲ့ကြ​ကြောင်း သိရသည်။

နန်းသဲနု​​​​အောင်(ဖား​ဆောင်း)