မြင်းခြံ ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသ ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထားခဲ့ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် ချမှတ်၍ အကောင်အထည်အဖော်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့် သိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတွက် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ ပါဝင် သည့်ဗီနိုင်း ပိုစတာနှင့်ဦးတည်ချက်(၉)ရပ်တွင်ပါဝင်သော နိုင်ငံရေး၊ စီပွားရေး၊ လှုမှုရေးဆောင်ရွက်ချက်မှတ် တမ်း ဓာတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)