သတင်းများ

မချမ်းဘော့မြို့နယ်ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Dec 15,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေချစ်မြတ်နိုး သူများ စာပေမှအသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ) ရေးထားသည့် "ဘဝတစ်လျှောက်အောင်မြင် ပျော်ရွှင်နည်း"စာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွှဲ(၂)နာရီက မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေး အသိပေးနှိုးဆော်
Dec 15,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး၊ အသက် ၁၈ နှစ်အထက် ပြည်သူများ ကာကွယ်ဆေးထိုးနှံမှု ကျန်ရှိမှုမရှိစေရေး အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၅ နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူး ပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် သံဘိုကျေးရွာနှင့် သရက်အုပ်ကျေးရွာများသို့ သွားရောက်ပြီး အသံချဲ့စက် ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အညီ ရပ်နားခြင်းမရှိသော ယာဉ်များ၊ ကွန်တိန်နာများနှင့် နောက်တွဲယာဉ်များအား အသိပညာပေးနှင့် ရှင်းလင်းခြင်းများ​ဆောင်ရွက်
Dec 15,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ကမ်းနားလမ်းသစ်ပေါ်ရှိ ကုန်တင်နောက်တွဲယာဉ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ရပ်နားခြင်းမရှိသော ယာဉ်များ၊ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်စေနိုင်သည့် ညအိပ်ရပ်နားထားသော ယာဉ်များ၊ မြေစိုက်ရပ်နား၍ အချိန်ကြာမြင့်စွာ ရပ်နား ထားသည့် ယာဉ်အိုယာဉ်ဟောင်းနောက်တွဲများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်ခြင်းနှင့် အသိ ပညာ​ပေးခြင်းလုပ်ငန်းကို  ယမန်​နေ့၊ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည် ချက် ( ၉) ရပ် နံရံကပ်စာစောင် ပြသ
Dec 15,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community centre ခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
ကျောက်တံခါးမြို့နယ်တွင် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများ၊ မသန်စွမ်းသူများနှင့် ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည်ရောဂါဖြစ်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Dec 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်ကြီးကြပ် မှုဖြင့် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများ၊  မသန်စွမ်းသူများ၊  ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည် ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို   ယနေ့နံနက်(၈)နာရီ အချိန်က ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်ပြသ
Dec 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိ ပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါရုံး၌ ပြသခဲ့ကြောင်းသိရသည်။
ခရမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 15,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၄၀ နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက်၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရမ်းမြို့ အမှတ်(၂) ရပ်ကွက်ရှိ သကျမာရိဇိန်ကြေးသွန်းဘုရားကြီးအတွင်းရှိ သာသနဗိမ္မာန်ဓမ္မာရုံကြီးတွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ နေ့စဉ်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက် ရှိသည်။
ကရသူရိမြို့တွင်  Mask စနစ်တကျ တပ်ဆင်သွားလာရေး စစ်ဆေး ဆောင်ရွက်
Dec 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ခရီးသွားဧည့်သည်များနှင့် ဒေသခံ မိဘပြည်သူများအား Mask စနစ်တကျ တပ်ဆင်သွားလာမှု ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁နာရီက အမှတ်(၃) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။