ဂွမြို့နယ်တွင် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပ

ဂွ ဒီဇင်ဘာ  ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇာနည်ကျော်က  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့သည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာအား  ဖတ်ကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ဆက်လက်၍ မြို့မအားကစားကွင်းအတွင်းရှိ အားကစားခန်းမတွင် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့  အထိမ်း အမှတ်  ပိုက်ကျော်ခြင်းပြိုင်ပွဲအား  ပြိုင်ပွဲဝင်အသင်း(၅)သင်းမှ ယှဉ်ပြိုင်လျက်ရှိပြီး မကျေးငူကျေးရွာရှိ ဓမ္မရက္ခိတ ကျောင်းတိုက် အတွင်းတွင် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့  အထိမ်းအမှတ်  အားကစားပြိုင်ပွဲအား ကျင်းပပြု လုပ်လျက် ရှိကြောင်းသိရသည်။

ရွှေရည်ဝင်းကျော်