၂၀၂၁ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက် (၂၅) နှစ် နှင့်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 15,2021
ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ်၊ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက် (၂၅)နှစ်နှင့်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပရာ စစ်ကြောင်းမှူး ဦးဆောင်ကာ ပြိုင်ပွဲဝင်အားကစားအသင်း(၂၆)သင်းနှင့် အုပ်ချုပ်သူများ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အလေးပြုခံစင်မြင့်တွင် အားကစားသမားများ၏ အလေးပြုခြင်းကိုခံယူ၍ အဖွင့်မိန့်ခွန်း ပြောကြားရာ တွင် “ပြိုင်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်များကတော့ ကိုဗစ်-၁၉ ကာလမှာ ရပ်နားထားခဲ့ရတဲ့ အားကစားလှုပ်ရှားမှုများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင့် ပြန်လည်ပြုလုပ်လာနိုင်စေဖို့၊ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေဖို့နဲ့ မြို့နယ်တစ်ခုနဲ့တစ်ခု အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုရကာ ပူးပေါင်းဆောင်ရွက်လာနိုင်ကြမှာဖြစ်ကြောင်း ပြောကြား”ခဲ့ပါ သည်။