ဇမ္ဗူသီရိမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းပြုလုပ်
Dec 16,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာရေးဆရာ မောင်လေပြေ (တောင်တွင်း) ရေးသားသည့် “မြို့တော်သာယာရေးနှင့် အမှိုက် ပြဿနာ” ဆောင်းပါးအား စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ဇမ္ဗူသီရိ မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။