သတင်းများ

ရွှေကျင်မြို့နယ် ဒိုးပင်ကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန် ရောဂါကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 15,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် ဒိုးပင်ကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒိုးပင်ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်/ ဆောင်းဘောက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show  ကျင်းပ
Dec 15,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား သံတွဲ၌ကျင်းပ
Dec 15,2021
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက် ၈နာရီက သံတွဲမြို့ ဒွါရာဝတီ ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရွှေဘိုမြို့တွင် စက်ရုံ/အလုပ်ရုံများ မီးဘေးအန္တရာယ်လုံခြုံရေအား အပတ်စဉ် ကွင်းဆင်း စစ်ဆေးလျက်ရှိ
Dec 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် စက်ရုံ/အလုပ်ရုံများ မီးဘေးအန္တရာယ်လုံခြုံရေးအား အပတ်စဉ် ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။
နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Dec 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇာတ်လမ်းနှင့် သရုပ်ဖော်-နေခြည်၏ “ငြိမ်းချမ်းခြင်းဂေဟာ” စာအုပ်ဖြင့်  ပုံပြောအစီအစဉ်ကို  ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေး
Dec 15,2021
ပွင့်လင်းရာသီကာလဖြစ်၍ ပြည်သူလူထုအတွင်း မီးသုံးစွဲရာတွင် ပေါ့ဆမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ် သတိပြုနိုင်ကြရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်အသိပညာပေးခြင်း၊မီးသတ်ဆေး ဘူအသုံးပြုနည်း နှင့် လက်တွေ့ မီးငြှိမ်းသတ်နည်း သရုပ်ပြပေးခြင်းတို့ကို ယနေ့နံနက်၇နာရီက မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများ က Pro(1)အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် ဝန်ထမ်းများအား လက်တွေ့ သရုပ်ပြပေးသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံ ပေးလျှက်ရှိ
Dec 15,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ် ဆောင်ရွက်မှုဖြင့် ရပ်ကွက်၊ ကျေးရွာများ အရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိရာ ယနေ့နံနက်က ဟိုဂျစ်ကျေးရွာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ်၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ
Dec 15,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင်ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက်(၇)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။