သတင်းများ

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံ ပေးလျှက်ရှိ
Dec 15,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ် ဆောင်ရွက်မှုဖြင့် ရပ်ကွက်၊ ကျေးရွာများ အရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိရာ ယနေ့နံနက်က ဟိုဂျစ်ကျေးရွာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ်၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ
Dec 15,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင်ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက်(၇)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ပုဏ္ဏားကျွန်း၌ကျင်းပ
Dec 15,2021
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့၊ နံနက်(၈)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ကျင်းပသည်။
ပေါက်တောမြို့၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ
Dec 15,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ပေါက်တောမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက် (၈)နာရီက ကျင်းပပြုလုပ်သည်။
ရွှေဘိုမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိ
Dec 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ရွှေဘိုမြို့ အမှတ် ၂ ရပ်ကွက်၊ မင်းသားရွှေကျောင်း ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ရွှေပဲငပိဓမ္မာရုံအတွင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဌာန မြို့နယ် ဦးစီးမှူးရုံးထံက သိရသည်။
မောင်တောမြို့၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲနှင့် အားကစား ပြိုင်ပွဲများကျင်းပ
Dec 15,2021
မောင်တောခရိုင်၊ မောင်တောမြို့၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲကို ယနေ့ နံနက် ၇ နာရီ အချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့နယ်၌ ကိုဗစ်−၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် ပြည်သူများအား အသိပေးလိုက်လံနှိုးဆော်
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်မြမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု လျော့ကျစေရန် ကိုဗစ်−၁၉ ရောဂါပိုးမျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို မြောင်းမြမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်း ယနေ့နံနက်(၁၀)နာရီက လှည့်လည်နှိုးဆော် ခဲ့ကြောင်းသိရသည်။