သတင်းများ

ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ မျိူးရိုးဗီဇပြောင်း အိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများ အသိပညာပေးနှိုးဆော်
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ မျိူးရိုးဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၉)နာရီ က အသိပညာပေးနှိုးဆော်ခဲ့သည်။
မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး(Talk Show )ကျင်းပ
Jan 07,2022
 မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး(Talk Show )ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)  ခန်းမတွင် ယ‌နေ့ နံနက် (၁၁)နာရီက ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့၌ တိုင်းရင်းသားဘာသာစကားဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ တိုင်းရင်းသားဘာသာစကားဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်
Jan 07,2022
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွက် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ ညှိနိုင်းအစည်းအဝေးကို ဇန်နဝါရီလ (၅) ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
အင်တောမြို့တွင် မြို့မဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Jan 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ အမှတ်(၄)ရပ်ကွက်ရှိ စည်ပင်သာယာရေးဌာနပိုင်၊ မြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် လျှပ်စစ်ဌာနတို့က ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဖျာပုံမြို့နယ်တွင် ကုန်စည်များ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်းကုန်စည်များ မြန်မာဘာသာဖြင့် ကုန်အညွန်းအမှတ်အသား ဖော်ပြထားခြင်းရှိ၊ မရှိကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အတွင်းရှိ မုန့်မျိုးစုံနှင့် ကုန်ခြောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ သည် ယမန်နေ့နံနက် ၁၀ နာရီက ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လသာမြို့နယ်အတွင်း Mobile ကားဖြင့် အခြေခံစား​​သောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချ
Jan 07,2022
နိုင်ငံတော်အစိုးရသည် ပြည်သူလူထုများ အ​ခြေခံစား​သောက်ကုန်များကို အလွယ်တကူ စျေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက်လည်း လုပ်ဆောင်ပေးလျက်ရှိရာ ယ​နေ့နံနက် (၇:၃၀)နာရီ အချိန်တွင် လသာမြို့နယ်အတွင်း Mobile ကားဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများကို လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။