သတင်းများ

ကြက်ခြေနီကြီးကြပ်မှုကော်မတီ အခြေခံမူ(၇)ချက်ပါ bill board ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Jan 07,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ဇန်နဝါရီ ၆ရက် မွန်းလွှဲပိုင်းအချိန်က တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးရှေ့တွင် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ အခြေခံမူ(၇)ချက်ပါ bill board ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတောင်တက်လမ်း (အပိုင်း-၃) ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း‌ အကောင်အထည် ဖော် ဆောင်ရွက်
Jan 07,2022
ကရင်ပြည်နယ်၊ ဘားအံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေ စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် (၂၄.၆၂၀၀) သန်းဖြင့် ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်၊ ကြာအင်းတောင်တက်လမ်းတွင် (အပိုင်း-၃) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကမမောင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ
Jan 07,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူးတင်ဆက် ဆောင်ရွက်ပေး လျက်ရှိသည်။
ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် နွေသီးနှံမျိုးစုံ(၃၇၅၀၀)ဧက စိုက်ပျိုးသွားမည်ဖြစ်
Jan 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆည်ရေသောက်စနစ်ဖြင့် နွေသီးနှံမျိုးစုံ (၃၇၅၀၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းဆောင်ရွက်
Jan 07,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ကျိုက်ထိုမြို့နယ် ရုံးဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်း က မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးမြို့၊ ကျုံးကူးတံတားဖွင့်ပွဲနှင့် သနပ်ပင်မြို့တွင်းတံတား ပန္နက်တော်တင် တွင်းတော်ဝန် မင်္ဂလာ အခမ်းအနားသို့တက်ရောက်
Jan 07,2022
ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း-သမိန်ဗရမ်း-ဆံတော်တွင်းလမ်းပိုင်းမှ မဂ္ဂတစ်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်ထားသည့် လမ်းပေါ်ရှိ ကျုံးကူးတံတား ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
နွားထိုးကြီးမြို့နယ်တွင် မေတ္တာမွန် အောက်ဆီဂျင်စက်ရုံဖွင့်လှစ်
Jan 07,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်သူ၊မြို့နယ် သာများ၊ စေတနာရှင်များနှင့် မေတ္တာမွန် လူမှုကူညီရေး အသင်းတို့ ပူးပေါင်းဆေင်ရွက်မှုဖြင့် တည်ဆောက် သော မေတ္တာမွန် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မေတ္တာမွန်အောက်ဆီ ဂျင် စက်ရုံရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက် အရန်မီးသတ်စခန်းသို့ မွန်ပြည်နယ် မီးသတ်ဦးစီးမှူးမှ မီးငြိမ်းသတ်ယာဉ် တစ်စီးနှင့် မီးသတ်ဝတ်စုံများပေးအပ်
Jan 07,2022
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက် အရန်မီးသတ်စခန်းသို့ မွန်ပြည်နယ် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးဝင်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီးနှင့် မီးသတ် ဝတ်စုံ(၅)စုံ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ရန်ကြီးအောင် အရန်မီးသတ်စခန်း၌ ပြုလုပ်ခဲ့သည်။