ဖျာပုံဇန်နဝါရီ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်းကုန်စည်များ မြန်မာဘာသာဖြင့် ကုန်အညွန်းအမှတ်အသား ဖော်ပြထားခြင်းရှိ၊ မရှိကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အတွင်းရှိ မုန့်မျိုးစုံနှင့် ကုန်ခြောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တွင်ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံဦးမင်းဇော်နှင့်ဝန်ထမ်းများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်စည်ပင်သာယာရေးဌာနမှတာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့သည်မြို့နယ်အတွင်းရောင်းချလျက်ရှိသောမုန့်မျိုးစုံနှင့်ကုန်ခြောက်အရောင်းဆိုင်များအနေဖြင့်ကုန်စည်များတွင်မြန်မာဘာသာဖြင့်ကုန်အညွန်းအမှတ်အသားဖော်ပြထားခြင်းရှိ၊မရှိကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတို့အား၂၀၁၉ခုနှစ်စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)တွင်ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ပုဒ်မ(၄၁)နှင့်ပုဒ်မ(၄၃)တို့အရစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ကုန်စည်နှင့်စပ်လျဥ်း၍မိမိတို့ထုတ်လုပ်သည့်ကုန်စည်များအပေါ်"ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ကိုကုန်အညွန်းအမှတ်အသားဖော်ပြရာတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်"ဟုပြဌာန်းထားရှိပြီးဖြစ်၍ရောင်းချသူများအနေဖြင့်စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၄၁)နှင့်ပုဒ်မ(၄၃)တို့အားသိရှိလိုက်နာနိုင်ရေးအတွက်မြို့နယ်အတွင်းရှိစျေးဆိုင်များအားကွင်းဆင်း၍စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်