ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ မျိူးရိုးဗီဇပြောင်း အိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများ အသိပညာပေးနှိုးဆော်

ဓနုဖြူ    ဇန်နဝါရီ   ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ မျိူးရိုးဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၉)နာရီ က အသိပညာပေးနှိုးဆော်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ မျိူးရိုးဗီဇပြောင်း အိုမီခရွန်(omicron)  ကူးစက်မှုသည် ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုများအနေဖြင့် ပြင်ပမှ ဧည့်သည်များ လက်မခံပါရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ တတ်နိုင်သမျှ အိမ်မှာနေရန်၊ လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့်နှားခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကို မကြာခဏ ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ အပြင်မှပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို အိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ရန်၊ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ စစ်ဆေး ကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို မပျက်မကွက် ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ရောဂါကာကွယ်ရေး နည်းလမ်းများကို ကိုယ်စီလိုက်နာကြရန် စသည့်များ အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)