လသာမြို့နယ်အတွင်း Mobile ကားဖြင့် အခြေခံစား​​သောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချ

လသာ ဇန်နဝါရီ

နိုင်ငံတော်အစိုးရသည် ပြည်သူလူထုများ အ​ခြေခံစား​သောက်ကုန်များကို အလွယ်တကူ စျေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက်လည်း လုပ်ဆောင်ပေးလျက်ရှိရာ ယ​နေ့နံနက် (၇:၃၀)နာရီ အချိန်တွင် လသာမြို့နယ်အတွင်း Mobile ကားဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများကို လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းမှ မဟာဗန္ဓုလလမ်းမကြီးနှင့် လသာလမ်းထိပ်​​ ကောင်းတုံကွမ်ယင် တရုတ်ဘုံ​​ကျောင်း​ရှေ့တွင် ဧည့်မထဆန်(၅)ပြည် တစ်အိတ်လျှင်(၅၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန်(၅)ပြည် တစ်အိတ်လျှင် (၈၅၀ဝိ/-)ကျပ်၊ စာအုန်းဆီ (၅၀) ကျပ်သား(၁)ဗူးလျှင် (၁၈၅ဝိ/)-ကျပ်၊ ကြက်ဥ(၁၀)လုံးလျှင်(၁၂၀ဝိ/-) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊

မြို့နယ်(ပြန်/ဆက်)