စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွက် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ ညှိနိုင်းအစည်းအဝေးကို ဇန်နဝါရီလ () ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ရသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းရီ၊ တိုင်းဒေသကြီး စီမံကိန်း ရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလိူင်နှင့် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းတို့က ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ဌာနများအလိုက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ဘက်ဂျက်ရရှိမှုနှင့် လုပ်ငန်းများဆောင်ရွက်ရန် လျာထားမှုများအား အသီးသီး ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွက် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များနှင့် ခွင့်ပြုလျာထား လုပ်ငန်းများကို သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ သက်မှတ်ကာလအတွင်း အပြီး ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)