မန္တလေး ဇန်နဝါရီ ၇
မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး(Talk Show )ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၁)နာရီက ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းနှင့် စာရေးဆရာ ဇော်ဝါထွန်းတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများ၊ လူငယ်များဆေးလိပ်ကို စမ်းသပ်သောက်သုံးခြင်း၏ နောက်ဆက် တွဲဆိုးကျိုးများ၊ လူငယ်ထုအတွင်း စိမ့်ဝင်ပျံ့နှံ့နေသည့် စိတ်ကြွဆေးပြားများကို ရှောင်ရှားရမည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအတွက် အသိပညာပေးမှုများကို တိုးမြှင့်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ လူငယ်များ အားလပ်ချိန်တွင် စာပေ၊ ဂီတ၊ အားကစား စသည့် အနုပညာရပ်များကို လေ့လာဆည်းပူးနိုင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးသင့်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)