မှော်ဘီမြို့နယ်တွင် အခြေခံမော်တာ စက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Jan 07,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု(၆)လဘဏ္ဍာရေးနှစ်ဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အခြေခံ မော်တာ စက်ချုပ်သင်တန်းကို သန္ဓေပင်ကျေးရွာအုပ်စုတွင် ဖွင့်လှစ်ခဲ့ဆောင်ရွက်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းက အခြေခံမော်တာ စက်ချုပ်သင်တန်းဆင်းပွဲကို အဆိုပါကျေးရွာအုပ်စုရှိ သံတံတားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။