ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Jan 07,2022
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ ၊ကျိုင်းတုံမြို့ရှိ ပြည်နယ်ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဇန်နဝါရီ ၅ ရက် ညနေ ၃ နာရီက တြိဂံဒေသတိုင်း စစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာ စကားပြောကြားပြီး၊ တြိဂံဒေသတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီ၏ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးပြီး ဆွေးနွေး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပြောကြား၍ နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်းသိရသည်။