သတင်းများ

နတ်တလင်းမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် နတ်သျှင်ရွှေဂူ၏ "အနာဂတ်ကို မျှော်တွေးပါ" စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ရာသီချိန်ထွက်ရှိလာသည့် ခရမ်းချဉ်သီးများ ပေါ်ဦးပေါ်ဖျား စျေးကောင်းရ
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရာသီချိန်ထွက်ရှိလာသည့် ခရမ်းချဉ်သီးများ ပေါ်ဦးပေါ်ဖျား ကာလတွင် အဖွင့်စျေးကောင်းရသဖြင့် တောင်သူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်၌ ဆောင်းသီးနှံများစိုက်ပျိုး ရောင်းချ၍ နေ့စဉ်ဝင်ငွေရရှိ
Jan 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့ဟောင်းကျေးရွာတွင် တောင်သူများ ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချ၍ နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
မိရိုးဖလာရိုးရာ လုပ်ငန်းတစ်ခုအဖြစ် တွင်ကျယ်စွာ စိုက်ပျိုးလုပ်ကိုင် လာခဲ့ကြသည့် မြန်မာတို့၏ သနပ်ဖက် လုပ်ငန်း
Jan 07,2022
မြန်မာနိုင်ငံသားတို့သည် သနပ်ပင်ကို မြင်ဖူးချင်မှ မြင်ဖူးပေလိမ့်မည် သို့သော် သနပ်ဖက် ကိုတော့ မမြင်ဖူးသူ ရှားပေလိမ့်မည် အဘယ်ကြောင့်ဆိုသော် သနပ်ဖက်ဆေးပေါ့လိပ်ကို သောက်သုံးသူ များသောကြောင့် ဖြစ်သည်။
ဖျာပုံမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ပြသ
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲ ပြသခြင်းကိုယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြ​သည်။
နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း ကတ္တရာလမ်းတိုးချဲ့
Jan 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် နမ့်စန်-မိုးနဲ-မိုင်းတုံ -မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း မူလအကျယ် ၁၂ ပေမှ ၁၈ ပေကတ္တရာလမ်းတိုးချဲ့ခြင်း လုပ်ငန်းကို မြို့နယ်လမ်းဦးစီးဌာနမှ ထာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ် အခြေခံပညာကျောင်းများ၌ (ပထမ)နှစ်ဝက် စာမေးပွဲ ဆက်လက်ဖြေဆို
Jan 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အဆင့်လိုက် တတ်မြောက်မှုများအား မူလတန်းအောက် အဆင့် Grade-1 (သင်ရိုးသစ်) မှ Grade-11 (သင်ရိုးဟောင်း)အထိ (ပထမ)နှစ်ဝက်စာ‌မေးပွဲဖြေဆိုခြင်းကို ဇန်နဝါရီလ (၅ရက်မှ ၇ရက်)နေ့အထိ တစ်နေ့လျှင် (၂)ဘာသာနှုန်းဖြင့် စာသင်ချိန်တစ်ချိန် (၄၅) မိနစ်စီဖြင့် သက်ဆိုင်ရာ ကျောင်းများအလိုက် ဖြေဆိုစစ်ဆေးလျက်ရှိရာ ယနေ့(တတိယနေ့) တွင် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jan 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဂုံးကျော်အရှေ့၊ ရန်ကုန်-မန္တလေးကားလမ်း၊ နားမကြားသော ကလေးများကျောင်းတွင် ၂၀၂၂ ခုနှစ် ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ပြုလုပ်ခဲ့သည်။