သတင်းများ

ရွှေကူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် တားဆီးနိုင်ရန်အတွက် Mask မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ပြုလုပ်
Jan 07,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် တားဆီးနိုင်ရန်အတွက် Mask မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး‌ရှေ့ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွာသစ်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်
Jan 07,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်း အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင် လိုက်နာရမည့် ကျန်းမာရေး ညွှန်ကြားချက်များအား မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့ စာကြည့်တိုက်သို့ မိုင်းပျဉ်းမြို့ပိန်းဆန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ ဒေါ်နန်းဝိုးတစ် မိသားစု (ပန်းနုရောင်ကုန်စံဆိုင်)မှ ယမန်ရက်နေ့က သုတ/ရသစာအုပ်များကို လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ် (RS-CS) ဆင်းသုခ မျိုးစပါး စံကွက်ရိတ်သိမ်းကွင်းသရုပ်ဆောင်ရွက်
Jan 07,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍  ပြူကန်ကျေးရွာ ပြူကန် အနောက်ကွင်း ကွင်းအမှတ်(၁၃၄၀) တောင်သူ ဦးဝင်းချို စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ် (RS-CS) ဆင်းသုခ မိုးစပါး (၃.၄၈)ဧက အနက်မှ (၀.၁၀)ဧကအား  စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကွင်း၌ ကျင်းပကြောင်းသိရသည်။
ကျောက်တော်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် ခြင်းများဆောင်ရွက်
Jan 07,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား အသိပညာပေး နှိုးဆော်ခြင်းအား ယမန်နေ့ နံနက် ၈ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
တုံတာမြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာ‌ပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက် အတွင်း လှည့်လည်နှိုးဆော်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်
Jan 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီမှ ညနေ (၃)နာရီအထိ သုဝဏ္ဏ (၂၅) ရပ်ကွက်၊ ဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း ထုံးဖိုလုပ်ငန်း လုပ်ကိုင်ကြသူများအတွက် ပြည်တွင်းစျေးကွက်၌ ထုံးဝယ်ယူမှုမြင့်တက်လာ
Jan 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံကျေးရွာ၌ ထုံးဖုတ်လုပ်ငန်းကို လုပ်ကိုင်နေကြသူများအနေဖြင့် ပြည်တွင်း စျေးကွက်၌ ထုံးအိတ်များတင်ပို့ရောင်းချရမှု အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။