သတင်းများ

ဝါးခယ်မမြို့ ကမ်းနားလမ်းတွင် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်
Jan 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် Clean City, Green City, Smart City ဖြစ်လာစေရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ အချိန်က မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းတွင် စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ပေါင်းတည်မြို့၌ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီများ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစေရေး စစ်ဆေး
Jan 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီများ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစေရေးအတွက် ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုကို ယမန်နေ့နေ့လည် (၂)နာရီက စီးပွါးကူးသန်းဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံ ဦးနိုင်ဝင်းသိန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ
Jan 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ပလောက်ဆေးတပ်ဖွဲ့မှ ဝန်ထမ်း များကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရွှေသီလာရတနာခန်းမ၌ စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်း ဆောင်ရွက်
Jan 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယမန်နေ့နံက်ပိုင်းက (အ.လ.က)နတ်မောက်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့Community Centreခန်းမတွင် “ခက်ခဲကျပ်တည်းသောအချိန်မှ စိတ်ချမ်းမြေ့စရာ”  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jan 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနသည် လူငယ်လေးများ စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာဗဟုတတိုးပွားစေရေး ရည်ရွယ်ပြီး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် Book Club အဖွဲ့ဝင်များ ဖြင့် ယမန်နေ့ညနေ(၁၅)နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။      
နောင်ချိုမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ဆောင်ရွက်
Jan 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံပညာ စာကြည့်တိုက် ဆင့်ပွားသင်တန်းဖွင့်လှစ်
Jan 15,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ နေ့လည် (၁)နာရီက အခြေခံပညာစာကြည့်တိုက် ဆင့်ပွားသင်တန်းကို စာကြည့်တိုက်ပညာ စိတ်ဝင်စားသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ချောင်းဦးမြို့ ရှေးဟောင်းသမိုင်းဝင် ရတနာကြငှါန်း ရွှေဂူကြီးဘုရားအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပန်းခင်းစီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ရှေးဟောင်းသမိုင်းဝင် ရတနာကြငှါန်း ရွှေဂူကြီးဘုရား အတွင်း ယမန်နေ့နံနက်၉နာရီ အချိန်ကစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပန်းခင်း စီမံချက် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။