ရန်ကုန်(ဝါးတန်း) -ဒလ ကားကူးဇက် (ယာဉ်ကူးတို့) ခရီးလမ်း၌ ကုန်စည်နှင့် မော်တော်ယာဉ်များ ပုံမှန်ပြေးဆွဲပို့ဆောင်
Jan 14,2022
စီးပွားရေးမြို့တော် ရန်ကုန်မြို့နှင့် ဒလဘက်ကမ်းတို့သို့ ကုန်စည်နှင့် မော်တော်ယာဉ်များ သွားလာမှု အဆင်ပြေ ချောမွေ့စေရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ ရန်ကုန် (ဝါးတန်း)-ဒလ ကားကူးဇက်(ယာဉ်ကူးတို့) ခရီးလမ်း၌ ရေယာဉ်များဖြင့် အလှည့်ကျ ပုံမှန်ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိရာ ကုန်စည်နှင့် မော်တော်ယာဉ်များ နှောင့်နှေးကြန့်ကြာမှု နည်းပါးစေရေးအတွက် ရောက်ထွက်စနစ်ဖြင့် ခေါက်ရေနှင့် အချိန်များ တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။