မင်းလှမြို့၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Jan 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။