ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်း ဆောင်ရွက်

ပန်းတောင်း ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယမန်နေ့နံက်ပိုင်းက (အ.လ.က)နတ်မောက်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားမှူး ဒေါ်စောမာလာက ကျောင်းသား၊ ကျောင်းသူများကို အားကစားနှင့် ပတ်သတ်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပြီး လက်တွေ့အားကစားနည်းများကို လေ့ကျင့်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို အတန်းလိုက် အားကစားသရုပ်ပြခြင်း လုပ်ငန်းများ ဆောင်ရွက်၍ အားကစားမှူး ဒေါ်စောမာလာမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးထိုက်ထံသို့ အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

သင်းသင်းအေး