နမ့်ခမ်းမြို့Community Centreခန်းမတွင် “ခက်ခဲကျပ်တည်းသောအချိန်မှ စိတ်ချမ်းမြေ့စရာ”  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

နမ့်ခမ်း  ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနသည် လူငယ်လေးများ စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာဗဟုတတိုးပွားစေရေး ရည်ရွယ်ပြီး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် Book Club အဖွဲ့ဝင်များ ဖြင့် ယမန်နေ့ညနေ(၁၅)နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။       

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက   စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် အဖွဲ့ဝင်များက စာရေးဆရာမ ခင်စောတင့် ရေးသားသည့် ခက်ခဲ ကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာစာအုပ်ပါ အကြောင်းအရာခေါင်းစဉ်တစ်ခုချင်းစီကို တစ်ဦးခြင်း ဖတ်ကြားခဲ့ကြသည်။ထို့နောက် စာအုပ်ပါအကြောင်းအရာ ခေါင်းစဉ်များ၏ တစ်ခုချင်းစီအလိုက် အသီးသီးအပြန်    အလှန်ဆွေးနွေး၍ အမြင်ခြင်းဖလှယ်ကာ ဗဟုသုတ မျှဝေခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာကြည့်တိုက်များဖွင့်လှစ်ပြီး  စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း၊ ရပ်ကွက်၊ကျေးရွာနှင့် ဌာနဆိုင်ရာများသို့ သွားရောက်ပြီး နယ်လှည့် စာကြည့်တိုက်များဆောင်ရွက်ပေးခြင်း၊ကလေးစာဖတ်ခန်းများဖွင့်လှစ်ကာ ငယ်စဉ်ကတည်းက စာပေနှင့်ပျော်မွေ့သော ကလေးသူငယ်များဖြစ်အောင်ဆောင်ရွက်ခြင်းနှင့် စာဖတ်ဝိုင်းများကို ပြုလုပ်ကာ စာဖတ်သူ တိုးပွားစေရေးအတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများကိုလည်း  ဆောင်ရွက်ပေးလျက်ရှိကြောင်း  မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက ပြောကြားခဲ့သည်။

ဆိုင်ထွန်း(နမ့်ခမ်း)