သတင်းများ

ပင်လောင်းမြို့နယ်၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Jan 14,2022
ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုတိုးတက်ရေးနှင့် ကိုယ်ပိုင်ထုတ်ကုန်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အတွက် အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအို၀်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပင်လောင်းကြီး ကျေးရွာ လွယ်မွန်းခမ်း လယ်/ထွေ သမဝါယမလီမိတက်အသင်းစုတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
မိုင်းတုံမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီစဉ်အတွက် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအားငွေ ကြေးထောက်ပံ့ခြင်း အစီအစဉ်အတွက် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်း အနား ပြုလုပ်ခဲ့သည်။
နမ့်ခမ်းမြို့၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒါဏ်ရာရသူ(၆)ဦးအား ထောက်ပံ့ငွေများပေးအပ်
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှ (၅-၁-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒါဏ်ရာရသူ(၆)ဦးအား မူဆယ်မြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ မွန်းလွဲ (၁) နာရီအချိန်က နမ့်ခမ်းမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre) တွင် ကျောင်းသား/ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးစေရန်အတွက် အားကစားလှုပ်ရှားမှုပြိုင်ပွဲများကျင်းပ
Jan 14,2022
ကရင်ပြည်နယ် ဘားအံမြို့တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍  အားကစား လှုပ်ရှားမှု ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘားအံခရိုင်လူထု အခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အင်္ဂပူမြို့နယ်တွင် စားသုံးရေးရာ အသိပညာပေး (Talk Show) ပြုလုပ်
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀:၃၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအသိပညာရရှိစေရန်ရည်ရွယ်ပြီး စားသုံးသူရေးရာအသိပညာပေး(Talk Show)ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Jan 14,2022
စာပေကိုမြတ်နိုး တန်ဖိုးထားသူများ တိုးပွားလာစေရန်နှင့် အချင်းချင်းစုပေါင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်း အားဖြင့် အတွေးအခေါ်များမျှဝေ၍ စာပေမှရရှိသော အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ဒေါပုံမြို့နယ်တွင် နိုင်ငံသား(သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် (ဗဟိုအဖွဲ့) ၏ အဆုံးအဖြတ် ခံယူရန် မြို့နယ်ဘုတ်အဖွဲ့မှ အစည်းအဝေးပြုလုပ်
Jan 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ (၆၅)အရ နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် အဆုံးအဖြတ်ခံယူရန် အတွက် မြို့နယ်ဘုတ်အဖွဲ့မှ ယနေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
ထားဝယ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် မိုဘိုင်းဖုန်းဖြင့် သတင်းရေးသားရိုက်ကူး ပေးပို့နည်းသင်တန်းဖွင့်လှစ်
Jan 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် moblie ဖုန်းဖြင့် သတင်း ရေးသား ရိုက်ကူးပေးပို့နည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သည်။