သတင်းများ

ကျိုက်မရောမြို့နယ်တွင် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များငှားရမ်းပေး
Jan 14,2022
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ MobileLibrary စနစ်ဖြင့် ဌာနဆိုင်ရာများသို့ စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ယနေ့ နေ့လည်ပိုင်းက မြို့နယ်စီမံကိန်း ဦးစီးဌာနရုံးနှင့် သမဝါယမဦးစီးဌာနရုံးများသို့ သွားရောက် ဆောင်ရွက်ခဲ့သည်။
သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ( ၄၄၁၃၄ ) ဦး ဆေးထိုးနှံပြီးစီး
Jan 14,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ လာရောက်ထိုးနှံနေကြသဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီက ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော်ဘုရားဝန်းရှိ ဓမ္မာရုံတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
သံတွဲမြို့၌ Youth Club အဖွဲ့ဝင်များစုပေါင်းသွေးလှူဒါန်း
Jan 14,2022
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန Youth Club အဖွဲ့ဝင်များစုပေါင်းသွေးလှူဒါန်းခြင်းကို ဇန်နဝါရီ ၁၄ရက် နံနက် ၁၁နာရီက သံတွဲခရိုင်ပြည်သူ့ဆေးရုံးကြီး သွေးလှူဌာနသို့သွားရောက်လှူဒါန်းခဲ့သည်။
လမိုင်းမြို့အ.ထ.ကကျောင်းတွင် အသက်(၁၂)အထက်  ကျောင်းသား၊ ကျောင်းသူများ ဒုတိယအကြိမ် ဒုတိယအသုတ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 14,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊  လမိုင်းမြို့အတွင်းရှိ     အ​​ခြေခံပညာကျောင်းများတွင်  ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက်  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   ဒုတိယအကြိမ်(ဒုတိယအသုတ်)ထိုးနှံပေးခြင်းကို   ယနေ့ နံနက် ၉ နာရီက စုရပ်နေရာဖြစ်သည့်  လမိုင်းမြို့ အ.ထ.က​ကျောင်းတေဇဆောင်ခန်းမ၌ စတင်ထိုးနှံပေးနေကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 14,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ်  အိုမီခရွန် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများအားအရှိန်အဟုန် မြှင့်ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းများအား ဆောင်ရွက်ခဲ့သည်။
တောင်ကုတ်မြို့နယ်တွင် ဌာနဆိုင်ရာများစာပေကိုအလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေးအတွက် Mobile Library လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 14,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်စာပေများမှ ရရှိသည့်အသိပညာဗဟုသုတများ တိုးပွား စေရန်နှင့် လွယ်လင့်တကူစာပေများအား ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ Mobile Library နယ်လှည့်စာအုပ်ငှားရမ်းခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်ညနေ ၃ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးရုံးသို့လည်းကောင်း ယနေ့နံနက် ၁၁ နာရီအအချိန် တွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြို့နယ်စာရင်းစစ်ရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိုက်မရောမြို့နယ်ပြည်သူ့ စာကြည့်တိုက်တွင် Online မှတစ်ဆင့်စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်ဆောင်ရွက်ပေး
Jan 14,2022
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေနှင့်ရင်းနှီးကျွမ်းဝင်အောင်နှင့် စာကောင်းပေမွန်များကို ရွေးချယ်လေ့လာဖတ်ရူတတ်စေရန် ရည်ရွယ်၍ On Line မှတစ်ဆင့်  အသိပညာပေးခြင်း အစီအစဉ်များကို နေ့စဉ်ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာငွေလင်းရေးသားသည့် "သည်မိုးနှင့် သည်မြေ အညာဓလေ့ ဝတ္တုတိုများ” စာအုပ်ဖြင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို ရိုက်ကူးတင်ဆက်ပေးသည်။
မော်လမြိုင်ခရိုင်၌ “ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့်စာဖတ်ဝိုင်း​ဆောင်ရွက်
Jan 14,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေ ပြု ဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့ နံနက်၁၁ နာရီက  စာပေချစ်မြတ်နိုးသူ(Women Club)အသင်းအဖွဲ့ဝင်များ စုပေါင်း၍ “ရည်မှန်းချက် နှင့် ပြဿနာအထွေထွေ”စာအုပ်ဖြင့်စာဖတ်ဝိုင်း ဆောင်ရွက်ကြောင်းသိရသည်။