ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

ပလောက်  ဇန်နဝါရီ  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် နာရီအချိန်ခန့်တွင် ပလောက်ဆေးတပ်ဖွဲ့မှ ဝန်ထမ်း များကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရွှေသီလာရတနာခန်းမ၌ စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင်အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများ၊ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူပြည်သူများ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင် ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့ အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

နှင်းမြူလွင်  (ပလောက်)